စစ်အာဏာရှင် ဆန္ဒပြသူ ၉၀ နီးပါး မြစ်ကြီးနားမှာ ဖမ်းခံထားရ

2021-03-10
Share
စစ်အာဏာရှင် ဆန္ဒပြသူ ၉၀ နီးပါး မြစ်ကြီးနားမှာ ဖမ်းခံထားရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တွေကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတာကြောင့် ဖမ်းဆီးခံရသူ ၉၀ နီးပါးရှိနေပါတယ်။ ဖမ်းဆီးထားသူတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးနေတာပါ။

အဲဒီသူတွေဟာ ဆန္ဒပြခေါင်းဆောင် ဟုတ်၊ မဟုတ်၊ ဆန္ဒပြလှုံ့ဆော်တာ ရှိ၊ မရှိဆိုတာတွေကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ အဖမ်းခံရသူတွေ လွတ်မြောက်ရေးကူညီပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

တစ်စုံတစ်ခု စစ်ဆေးတွေ့ရှိသူတွေကတော့ အမှုဖွင့်ခံရပြီး တရားရင်ဆိုင်ရနိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ၇၀ ကျော်ဟာ မတ် ၈ ရက်နေ့က ဆန္ဒပြပွဲမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနေ့က စုစုပေါင်း ၉၁ ယောက်ကို ဖမ်းဆီးသွားတာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက် ၁၉ ယောက်ကို ညပိုင်းမှာ ပြန်လွတ်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့