ကိုယ်စားလှယ်ကို အရေးယူနိုင်ဖို့ ကေ်ာမရှင်က အကြောင်းကြား

2018-05-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ်
Photo: ACC Myanmar - facebook

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် ကျင့်ဝတ်နဲ့မညီဘဲ ငွေကြေးတောင်းခံခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီးလွှတ်တော်ထံ အကြောင်းကြားထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကေ်ာမရှင်က တိုင်ကြားသူထံ အကြောင်းပြန်လိုက်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မတီက ပေးပို့တဲ့အကြောင်းပြန်စာနဲ့ပတ်သက်ပြီး ကော်မရှင်ထံ တိုင်ကြားသူ အလွတ်သတင်းထောက် ကိုသူရစိုးက အခုလို ပြောပါတယ်။

"ဒီငွေသိန်း ၁ဝဝ ကိုယူတာမှန်တယ်။ ဒါပေမဲ့ ကိုယ်ကျိုးအတွက် သုံးတာမရှိဘူး။ လာဘ်ပေးလာဘ်ယူလုပ်တာ ကလည်း ခိုင်မာတဲ့သက်သေအထောက်ထား မရှိဘူး။ ဒါပေမဲ့ ကျေးရွာမီးလင်းရေးကိစ္စမှာ သူက ဝင်ရောက်ပါဝင် တယ်။ ကျင့်ဝတ်နဲ့ မညီဘူးပေါ့နော်။ ဒါတွေဖြစ်တဲ့အတွက် အဂတိကော်မရှင်အနေနဲ့ လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ပါရန်ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌကို တင်ပေးလိုက်တယ်။ အဲဒီဒီစာလေးကတော့ ကျနော့် ဆီကို ပြန်ရောက်လာတယ်ပေါ့နော်"

တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်ဟာ ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် ဒေသခံတွေဆီကနေ ငွေကျပ် သိန်း ၁ဝဝ ကောက်ခံခဲ့တာကို စစ်ဆေးတွေ့ရှိပေမယ့် လာဘ်ပေးလာဘ်ယူပြုလုပ်တဲ့ အထောက်အထားခိုင်မာမှု မရှိကြောင်း ကိုသူရစိုးထံ ကော်မရှင်ရဲ့ အကြောင်းပြန်စာမှာ ဖောြ်ပထားပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ စီမံခန့်ခွဲမှုကို လွဲမှားစွာဆောင်ရွက်ကြောင်း၊ အများပြည်သူ အထင်အမြင် လွဲမှားစရာပြုမူဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတေ့ွရှိခဲ့တယ်လို့လည်း ပါရှိပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ အကြောင်းကြားစာကို တိုင်းဒေသကြီးလွှတ်တော်ထံ ရောက်ရှိမှု ရှိ မရှိကို လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ထံ ဆက်သွယ်မေးမြန်းရာ ခရီးလွန်နေတာကြောင့် လတ်တလောမှာ သူ့အနေနဲ့ မသိရသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။

ဦးအောင်ကျော်မြိုင်ဟာ ဒေသခံတွေထံ သတင်းသွားယူခဲ့တဲ့ ကိုသူရစိုးကို သတင်းမရေးဖို့ ညှိနှိုင်းမှုတွေ ရှိခဲ့တဲ့ အကြောင်း၊ ညှိနှိုင်းမှုအဆင်မပြေတဲ့အခါ ဒေသခံတွေရဲ့ ငွေတွေကိုပြန်ပေးတာဖြစ်တဲ့အကြောင်း NLD ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မတီထံ စာထပ် တင်သွားမယ်လို့ ကိုသူရစိုးက ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်း အိမ်မဲမြို့နယ် တကောကျေးရွာ မီးလင်းရေး အတွက် ဘတ်ဂျက်ခွင့်ပြုချက်ရရှိခဲ့တဲ့ ထရန်စဖော်မာကို တကောကျေးရွာမှာ မလိုအပ်တာကြောင့် ညောင်ကုန်း ချောင်းဖျား ကျေးရွာအတွက် ဘတ်ဂျက်ခေါင်းစဉ် ပြောင်းလဲပြီးရယူဖို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို ငွေပေးရမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ဒေသခံတွေကို ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့