အာဏာပိုင်တွေရဲ့ကမ်းလှမ်းချက် ပန်းတနော်မြို့နယ်က လယ်သမားတွေ ငြင်းဆို

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က လယ်သမား ၃၆ ဦးရဲ့ လယ်ယာမြေ ဧက ၁ ရာ သိမ်းဆည်းခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက မနေ့က ညနေပိုင်းက ခေါ်ယူတွေ့ဆုံပြီး လယ်မြေနေရာ အစားထိုးပေးမယ့် အကြောင်း ကမ်းလှမ်းချက်ကို လယ်သမား ၃၆ ဦးက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2010-12-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ  ဖြစ်ပါသည်။ (Photo: AFP)
လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပန်းတနော်မြို့နယ် ကြုံတိုင်းကြီး ကျေးရွာအုပ်စုအတွင်းက လယ်သမား ၃၆ ဦး ပိုင်တဲ့ လယ်ဧက ၁ ရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး လွှွတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ရေချိုငါး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းမြိုင်က ပြီးခဲ့တဲ့နှစ်က သိမ်းယူခဲ့ပြီး ငါးမွေးမြူရေးကန် တူးဖော်နေခဲ့တာပါ။

ဒီကိစ္စအတွက် လယ်သမားတွေဘက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဥပဒေကြောင်းအရ ကိုယ်စားပြုပေးဖို့တောင်းဆိုခဲ့ပါတယ်။ ပန်းတနော်မြို့နယ် ဒုရဲတပ်ဖွဲ့မှူး၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဌာနနဲ့ ဦးငြိမ်းမြိုင်ရဲ့ ကိုယ်စားလှယ်တို့ ပါဝင်တဲ့ အာဏာပိုင်အဖွဲ့က လယ်သမားတွေကို ကြုံတိုင်းကြီးကျေးရွာအုပ်စု၊ ကြုံခရမ်းကျေးရွာ မူလတန်းကျောင်းမှာ မနေ့က ခေါ်ယူတွေ့ဆုံပြီး လယ်မြေနေရာ အစားထိုးပေးဖို့ ကမ်းလှမ်းချက်ကို လယ်သမားတွေက ငြင်းပယ်ခဲ့တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပန်းတနော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက ပြောပါတယ်။

လယ်သမားတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ILP အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးချုပ်ကို တိုင်ကြားခဲ့ပြီး ပြင်ပမီဒီယာတွေမှာ သတင်း ဖော်ပြခဲ့တဲ့အတွက် အာဏာပိုင်တွေက မနေ့က အစည်းအဝေးမှာ ခြိမ်းခြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်း အပြည့်အစုံကို ဦးဝင်းနိုင်က မေးမြန်းပြီး စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့