ပဲခူး ရွှေသာလျောင်းဘုရားဝင်းမှာ မီးလောင်မှုဖြစ်

2021-04-14
Share
ပဲခူး ရွှေသာလျောင်းဘုရားဝင်းမှာ မီးလောင်မှုဖြစ် ပဲခူးမြို့က ရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းမှာ ၂၀၂၁၊ ဧပြီ ၁၄ ရက် မနက်စောစောမှာ မီးလောင်ကျွမ်းနေတာကို တွေ့ရစဉ်
Photo: Citizen Journalist

ပဲခူးတိုင်း၊ ပဲခူးမြို့ နာမည်ကျော် ရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းမှာ၊ ဧပြီလ ၁၄ ရက် ဒီနေ့ မနက် စောစော ၃ နာရီဝန်းကျင်လောက်က မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားဝင်းအတွင်းက လူနေဆိုင်ခန်း ငါးခု မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၆ နာရီကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဘာကြောင့် မီးလောင်ရသလဲဆိုတဲ့အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။

ပဲခူးမြို့မှာ ဧပြီလ ၉ ရက်နေ့က လူထုဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် လူ ၈၀ ကျော် သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လူဦးရေ တစ်ထောင်ကျော်ခန့် အနီးအနား ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့