အရပ်သား အစိုးရအစစ်ဖြစ်ကြောင်း သက်သေပြဖို့ ကုလအကြီးအကဲ တောင်းဆို

မြန်မာအစိုးရသစ်ဟာ အရပ်သားစစ်စစ် ဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါး တိုင်းပြည် အာဏာကို ယူခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ်ဟာ တစခန်းရပ်သွားပြီဆိုတာ သက်သေပြရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို မတ်လ ၃၀ ရက် မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

2011.03.31
ban_ki-moon_thein_sein_asean_305_z.png ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နောက်တွင် မြင်ရပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့အစိုးရသစ်ဟာ အပေါ်ယံသာမဟုတ်ပဲ တကယ် အမှန်စင်စစ် အရပ်သား အစိုးရအဖြစ်ကို ပြောင်းလဲတာ ဖြစ်ကြောင်း မြန်မာပြည်သူတွေကို သက်သေပြဖို့ အခွင့်အခါကောင်း ဖြစ်သလို သက်သေပြဖို့လည်း တာဝန်ဝတ္တရား ရှိကြောင်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

မြန်မာအစိုးရသစ်အနေနဲ့ နှစ် ၅၀ နီးပါး စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်တဲ့ စနစ်ကနေ တကယ်အမှန် ပြောင်းလဲတယ်ဆိုတာ လက်တွေ့ပြဖို့ လိုကြောင်းလည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အကြီးကဲဟာ မနှစ်က ကျင်းပခဲ့တဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ မပါဝင်နိုင်အောင် ကန့်သတ်မှုတွေ ရှိခဲ့တဲ့အတွက် ကျေနပ်စရာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။