မြစ်ကြီးနားမှာ ဗုံးငါးလုံးပေါက်ကွဲပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက် မီးရထားသံလမ်းအနီး ဇူလိုင် ၅ ရက် မနေ့ည ၈ နာရီက ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် မမျိုးဂျာ (ခေါ် ) မဂျာဟာ ညာဘက်လက်အရိုးကျိုး ကာ ဒဏ်ရာတချို့ရခဲ့ပြီး ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကတော့ မေးစေ့နဲ့ ဘယ်ဘက်မျက် နှာတစ်ခြမ်း ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗုံးပေါက်သံကတော့ ကြားဖူးသမျှထဲမှာ မနေ့ညက ပေါက်ကွဲမှုက အသံအကျယ်ဆုံးပဲ၊ အိမ်ပါတုန်တယ်၊ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ မြစ်ကြီးနား ဆေးရုံကြီးမှာပါ၊ အခြေအနေကတော့ဗျာ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် အပြင်ပန်းဒဏ်ရာက တော် တော်ကြီးပါတယ်၊ နေအိမ်တွေနားအထိ ဗုံးပစ်သွားတဲ့အဖွဲ့အစည်းကို ပြည်သူတွေကို ဒုက္ခပေးလွန်းတယ်လို့ ထင်တယ်"

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးစလုံးဟာ အဲဒီဗုံးပေါက်ကွဲမှုဖြစ်စဉ်အနီးက နေအိမ်မှာ နေထိုင် တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

အခုလို လူနေရပ်ကွက်တွေထဲအထိ ဗုံးပေါက်ကွဲမှုတွေ ရှိလာတာကြောင့် အပြင်ထွက်သွား လာဖို့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။