ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း တစ်နှစ်ပြည့်

2022.04.17
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း တစ်နှစ်ပြည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား
Photo:BPLA

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေ ပြည့်ဖို့ ပံ့ပိုးဝန်းရံ သွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က BPLA တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို သဝဏ်လွှာပေးပို့ ပြောလိုက်ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တည်ထောင်ခြင်း တစ်နှစ်ပြည့်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက ဂုဏ်ပြုသဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။

BPLA အနေနဲ့ ညီနောင်မဟာမိတ်ရဲဘော်တွေ၊ PDF တပ်ဖွဲ့တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောထားပါတယ်။

278457028_173288491758453_8739440852597411956_n.jpg
(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား။ Photo-BPLA)

တပ်တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တက်ရောက်ခဲ့သလို ရက္ခိုင့်တပ်တော် AA ကလည်း တက်ရောက်ခဲ့ပါတယ်။

BPLAဟာ တိုင်းရင်းသား ညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေတဲ့ ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ စစ်ရေးအတွက် ရံပုံငွေ လိုအပ်နေတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-04-18 03:06

ငပေါ။ သူများ‌‌ဘေးတီးတိုင်းထက။