နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားရအောင် အကြမ်းဖက်မှု ပြုလုပ်သူတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူခြင်းအားဖြင့် ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
မစ္စတာ ကင်တားနားရဲ့ တင်ပြချက်တွေအရ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေးနဲ့ အခင်းဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူညီတွေကို အပြည့်အ၀ ရရှိစေရေး၊ နေရပ် စွန့်ခွာခဲ့ရတဲ့ အုပ်စုနှစ်ခုစလုံးက လူတွေ မူလနေထိုင်ရာ ရပ်ရွာတွေကို လုံခြုံစွာ ပြန်လာနိုင်ရေး၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားစဉ်က ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည် ရရှိဖို့ ထောက်ပံ့ ကူညီရေးတွေကို မိမိတို့က ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံသားဖြစ်ခွင့်ရရေး အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ နောက်ထပ် အတင်းအဓမ္မ နေရာရွှေ့ပြောင်းနေရခြင်းတွေ မရှိအောင် ကာကွယ်ဖို့အတွက် ရေရှည် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းတစ်ခု ရှာဖွေဖို့လည်း လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပြဿနာဖြစ်ပွားတဲ့ ဒေသတွေအတွင်း နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အခင်းဖြစ်ပွားစဉ်မှာ လုံခြုံရေး တပ်သားတွေက လူ့အခွင့်အရေး ချိုးဖောက်ပြီး အကြမ်းဖက် နှိမ်နင်းခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်လို့လည်း သေသေချာချာ စုံစမ်းဖော်ထုတ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် ထိထိရောက်ရောက် အရေးယူရမယ်လို့လည်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးရဲ့အင်တာနက် စာမျက်နှာမှာ ရေးသား ဖော်ပြ ထားပါတယ်။