သန်းခေါင်စာရင်းတောင်းဆိုချက် ကို လက်မခံရင် သပိတ်မှောက်မည်


2014.03.23
census-rohingya-code-305.jpg ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရိုဟင်ဂျာအမည်မသုံးဖို့ စစ်တွေမြို့မှာ မတ်လ ၁၆ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
Photo: RFA

ပြည်လုံးကျွတ် သန်းခေါင်စာရင်းပုံစံမှာ ရိုဟင်ဂျာ အမည်ကို ထည့်သွင်းဖြည့်စွက်ခွင့်မပြုဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို အစိုးရက လက်မခံဘူးဆိုရင် သန်းခေါင်စာရင်း ကောက်ခံတာကိုပါ သပိတ်မှောက်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီနေ့ တောင်ကုတ်၊ ဂွ နဲ့ သံတွဲမြို့တွေမှာ ထောင်နဲ့ချီတဲ့ ဒေသခံ ရခိုင်ပြည်သူတွေ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

သူတို့ဆန္ဒကို အစိုးရက လိုက်လျောမပေးဘူးဆိုရင် သန်ခေါင်စာရင်းကို သပိတ်မှောက်မယ်လို့ တောင်ကုတ်ဆန္ဒပြပွဲမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ တောင်ကုတ်မြို့ ရခိုင်လူမှုကွန်ယက်က ဦးဇေယျကျော်က ပြောပါတယ်။

" ကျွန်တော်တို့ ဒီနေ့ပဲ လူထုရဲ့ အသံကိုနားထောင်တယ်၊ လူထုရဲ့ ထောက်ခံမှုတွေကို မှတ်ချက် ရေးလိုက်တယ်၊ ခုလို ပြည်သူ့ အကြံ ပြည်သူ့ အသံကို လက်မခံ ဘူးဆိုရင် ၂၀၁၄ Census ကို ကျွန်တော်တို့ သပိတ်မှောက်မယ်၊ အဲ့တုန့်ပြန်ချက်ကို ကျွန်တော်တို့ လုပ်ဖို့ ဒီနေ့ လူထုရဲ့ အသံကို ကျွန်တော်တို့ ရယူခဲ့ပါတယ်"

ရိုဟင်ဂျာဆိုတဲ့ အမည်ဟာ ရခိုင်ပြည်နယ် သမိုင်းမှာ မရှိတဲ့ အမည်တစ်ခုဖြစ်သလို အဲ့ဒီအမည်ကို အစိုးရက သန်းခေါင်စာရင်းမှာ ရေးသွင်းခွင့်ပြုလိုက်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခတွေ ထပ်မံပေါ်ပေါက်လာနိုင်တာကြောင့် ကန့်ကွက်တာ ဖြစ်တယ်လို့လည်း ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။