ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ကို တရုတ်ပြည် ဖိတ်ကြား

2016-04-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ Wang Yi နဲ့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ဧပြီလ ၆ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံကြစဉ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ Wang Yi နဲ့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ဧပြီလ ၆ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံကြစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တရုတ်နိုင်ငံကို လည်ပတ်ဖို့ ဖိတ်ကြားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တာကို ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ Xi Jinping က ပြောကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယီ Wang Yi က ပြောပါတယ်။

ဒီကနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်တာပါ။

"သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ဖိတ်ကြားတဲ့ဟာပေါ့နော် အဲ့ဒါပြောပါတယ်၊ နောက် တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ ဥပဒေပြဌာန်းနိုင်တဲ့အတွက် ဝမ်းမြောက်ကြောင်းပြောပါတယ်၊ ကျနော်တို့ မြန်မာနိုင်ငံဘက်ကတော့ သမ္မတကြီး Xi Jinping က ဒီလိုမျိုးပြောကြားတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်တာကို ပြောပါတယ်၊ နောက်တရုတ်ခရီးစဉ် နဲ့ ပတ်သက်လို့ ဒေါ်စုနဲ့ တိုင်ပင်ပြီးတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ သွားဖို့ခရီးစဉ် သတ်မှတ်မယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်"

မြန်မာပြည်သူတွေ အကျိုးရှိမယ်ဆိုရင် တရုတ်နိုင်ငံအပါအ၀င် မည်သည့်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ လက်ကမ်းကြိုဆိုဖို့ အသင့်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးလက္ခဏာအဖြစ် နေပြည်တော်မှာ တရုတ်သံရုံး တည်ဆောက်ဖို့ကိစ္စကိုလည်း ဆွေးနွေးတယ် လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကိစ္စ သီးခြားဆွေးနွေးတာမရှိဘဲ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ယေဘူယျအားဖြင့် ခြုံပြီးဆွေးနွေး တာသာရှိကြောင်း ပြောပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

Almost all Big Powers are Opportunists & hands in Glove Today. The Best wayS to be "Home Sweet Home" is INTERNAL UNITY,RESPECT & RECOGNITION OF MINORITIES RIGHTS. the rich in DIVERSITY should not be INTERPRETED AS THREAT rather it should be used as POWERFUL NATIONAL STRENGTH.

Apr 10, 2016 10:17 PM

အမည်မဖော်လိုသူ

please don"t forget the past.We need to protect our national interest.They are opportunists and take advantage of your weakness.Don"t forget our friends who were with us during our freedom struggle from dictator and who are with dictator.Thanks

Apr 06, 2016 10:46 PM

ဆိုက်တခုလုံးသို့