ကုလ အထူးကိုယ်စားလှယ် ဇွန်လမှာ မြန်မာပြည်လာမည်


2018.05.22
christine-schraner-burgener-622.jpg မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို တွေ့ရစဉ်
AFP Photo

အသစ်ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ ဇွန်လထဲမှာ မြန်မာနိုင်ငံကို လာရောက်နိုင်တယ်လို့ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် the Daily Star သတင်းစာက ရေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ မေလ ၂၁ ရက် မနေ့က နယူးယောက်မြို့မှာ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Masud Bin Momen ကို တွေ့ဆုံခဲ့ပြီး မကြာခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ပြင်ဆင်နေကြောင်း ပြောကြားတယ်လို့ ဘင်္ဂလားဒေ့ရှ် သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါ အဆင်သင့်ချိန် လာရောက်လည်ပတ်ဖို့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ဖိတ်ကြားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ပြောကြားချက်တွေကို ကိုယ်တိုင် ကိုယ်ကျ ကြားနာလိုကြောင်းလည်း ပြောကြားခဲ့တယ် လို့ သိရပါတယ်။

ဂျာမနီဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး ဖြစ်ခဲ့တဲ့ Ms. Schraner Burgener ကို ဧပြီလ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ခန့်အပ်ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။