ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး သုံးမြို့ ဆန္ဒပြ


2014.03.23
protest-constitution-305 ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၂၃ ရက်နေ့က တောင်းဆို ဆန္ဒပြစဉ်
Photo : RFA/ Thin Thin Htet

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ အတွက် ရန်ကုန်၊ မန္တလေး နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွေမှာ ဒီနေ့ ဆန္ဒပြ ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မှာ ဒီနေ့ လူပေါင်း ၂၀၀ ကျော်လောက်က ရတနာ ပန်းခြံကနေ ကြေးသွန်း ဘုရားကြီးအထိ လမ်းလျှောက်တောင်းဆိုခဲ့ကြတာပါ။

အဲဒီ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုအောင်မြင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၄၃၆ ဟာ တခြား ဥပဒေတွေကို ပြင်ဆင်ဖို့ အတားအဆီး တစ်ခုဖြစ်နေတာကြောင့် အဲဒီဥပဒေကို အရင်ဆုံး ပြင်ဆင်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

" ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ တစ်တိုင်းလုံးလည်းလက်ခံတယ်၊ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်တိုင်ကိုက ဒါကိုပြင်ရမယ်ဆိုပြီးပြောတယ်၊ ဒါပေမယ့် တကယ်ပြင်ရမယ့် အချိန်ကျတော့ ဒီ ၄၃၆ ပုဒ်မကြီးခံနေတာ ကျွန်တော်တို့မှာ ရှေ့တိုးလို့ လုံးဝမရဘူး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ အထက် ဆိုတဲ့ တပ်မတော်သားတစ်ယောက် ကျွန်တော်တို့ ဘက်ကို မပါလာရင်တောင်မှ ပြင်မယ်လို့ မပြောရင်တောင်မှ ကျွန်တော်တို့မှာ ဘယ်လိုနည်းနဲ့မှ ပြင်လို့မရဘူးဖြစ်နေတယ်၊ ပြည်သူအားလုံး ပြင်စေချင်တာတောင်မှ တပ်မတော်က မထောက်ခံရင် ပြင်လို့မရတဲ့ ဥပဒေဖြစ်တယ်၊ အဲ့အတွက် ဒီအခြေခံ ဥပဒေမှာ အဓိက ဖြစ်တဲ့ ၄၃၆ ပေါ့ ဒီပုဒ်မ ကိုပြင်လိုက်မယ်ဆိုရင် ကျန်တဲ့ ဥပဒေတွေ ပြင်ဖို့ ပိုလွယ်သွားမယ်ပေ့ါ"

ဒီနေ့ပြုလုပ်ကြတဲ့ ဆန္ဒပြပွဲတွေထဲမှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်က ဆန္ဒပြပွဲဟာ လူအင်အားအများဆုံး ဖြစ်ပြီး မုံရွာဒေသခံ လူဦးရေ သုံးထောင်ဝန်းကျင် ပါဝင်ခဲ့ပါတယ်။

မန္တလေးတိုင်းမှာပြုလုပ်တဲ့ ဆန္ဒပြတောင်းဆိုပွဲမှာတော့ ဒေသခံတွေက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပြင် တစ်နိုင်ငံလုံးခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး စတဲ့ အချက်တွေကိုပါ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းများ
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။