ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အတည်ပြုလူနာ ၁ဝ ဦးရှိပြီ


2020.03.29
coronavirus-image-622.jpg Covid-19 ကိုရိုနာဗိုင်းရပ်စ်ပိုး သရုပ်ဖော်ပုံ။
Photo: en.wikipedia.org

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ နောက်ထပ်နှစ်ဦး တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူ အတည်ပြုလူနာ ၁ဝ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မတ်လ ၂၉ ရက်နေ့ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ စောင့်ကြည့်လူနာ ၈၂ ဦးထဲက (၂) ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း ဒီနေ့ည ၁ဝ နာရီခွဲမှာ သတင်းထုတ်ပြန်ထားတာပါ။

ဓာတ်ခွဲအတည်ပြုလူနာ ပထမတစ်ဦးဟာ  ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မြဝတီမြို့ကတစ်ဆင့် ဝင်ရောက်ခဲ့သူလို့ ဆိုပါတယ််။

နောက်တစ်ဦးကတော့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် (၅) ဖြစ်တဲ့ ဩစတြေးလျနိုင်ငံက ပြန်လာသူ မြန်မာနိုင်ငံသားနဲ့ အနီးကပ်ထိတွေ့ခဲ့သူလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လောလောဆယ် အဲဒီလူနာ (၂) ဦးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး ဝေဘာဂီအထူးကု ဆေးရုံကြီးမှာသီးခြား ဆေးကုသမှု ဆက်ပေးသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။