မြောက်ဦးက ရေကန်တွေပြု ပြင် ဖို့ ဒေါ်အောင်ဆန်းစုကြည် ငွေလှူ


2014.04.25
nld-dassk-305 မြောက်ဦးမြို့နယ်က တိမ်ကောနေတဲ့ရေကန် ၄ ကန်ကို ပြန်လည်ပြုပြင်တူးဖေါ် ဖို့အတွက် ကျပ်ငွေ ၁၉၄ သိန်းနီးပါးကို ဒေါ်အောင်ဆန်း စုကြည်က လှူဒါန်းနေစဉ်
Photo: NLD Chairperson facebook

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က တိမ်ကောနေ တဲ့ ရေကန်ဟောင်း ၄ ကန်ကို ပြန်လည်ပြုပြင်တူးဖေါ် ဖို့အတွက် ကျပ်ငွေ ၁၉၄ သိန်းနီးပါးကို ဒေါ်အောင်ဆန်း စုကြည်က လှူဒါန်း လိုက်ပါတယ်။

အဲဒီအလှူငွေ ၁၉၃၅၈ဝဝဝ ကျပ်ကို ဧပြီလ ၂၄ ရက်နေ့ညနေက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်မှာ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်ခဲ့ပြီး ၊ ဒေသခံရခိုင်တိုင်းရင်းသားတွေကိုယ်စား မိမိလက်ခံ ရယူခဲ့တယ်လို့ ကွယ်လွန်သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာစောမြအောင်ရဲ့သမီး ရခိုင်အမျိုးသား ပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေအောင် က RFA ကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှူငွေနဲ့ မြောက်ဦးမြို့နယ် မှာရှိတဲ့ မင်္ဂလာကန်၊ အောင်သပြေကန်၊ ဒိုးနွယ်ကန်နဲ့ ဘလူးကန်တို့ကို စတင်ပြုပြင်နေပြီလို့ သိရပါတယ်။

အဲဒီအကြောင်း ဒေါ်တင်မေအောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။