စစ်အစိုးရနဲ့ဆက်ဆံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုမလျော့ခဲ့ကြောင်း အိန္ဒိယပြောကြား

မြန်မာစစ်အစိုးရနဲ့ အိန္ဒိယထိတွေ့ဆက်ဆံခဲ့ရတာဟာ အရေးကြီးတဲ့နယ်စပ်လုံခြုံရေး မဟာဗျူဟာတွေကြောင့်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး Salman Kharshid က ပြောဆိုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို အရင်ကထောက်ခံခဲ့တဲ့ အိန္ဒိယအစိုးရဟာ နောက်ပိုင်းမှာတော့ မြန်မာစစ်အစိုးရနဲ့ ပြေလည်အောင် ပေါင်းသင်းဆက်ဆံလာတဲ့အတွက် ဝေဖန်ခံရမှုတွေ ရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံဟာ အရင်စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံခဲ့ပေမယ့် တဖက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုကမလျော့ခဲ့ပါဘူးလို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနဲ့ မြန်မာအတွက်ရော ကမ္ဘာ့နိုင်ငံတွေ အတွက်ပါ ဘယ်လောက်အရေးပါလဲဆိုတာ အထင်အရှားဖြစ်တယ်လို့လဲ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

သူဟာ မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။