ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှိတ်ဟာဆီနာ ကုလညီလာခံ မှာ တွေ့ဆုံ


2016.09.20
sheikhhasina-dassk-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့ စက်တင်ဘာလ ၁၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံစဉ်
Photo: မြန်မာအဖွဲ့ရုံး၊ နယူးယောက်မြို့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တနင်္လာနေ့မနက်ပိုင်းက နယူးယောက် မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ The New Age သတင်းက ဖေါ်ပြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့က ကျင်းပခဲ့တဲ့ ဒုက္ခသည်နဲ့ ရွေ့ပြောင်း အခြေချနေထိုင်သူများဆိုင် ရာ ဆွေးနွေးပွဲ ပြင်ပမှာ တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာတွေကို မသိရသေးပေမဲ့၊ နှစ်နိုင်ကြားက ဒုက္ခသည်ဆိုင်ရာ ကိစ္စတွေဆွေးနွေးကြဖွယ်ရှိတယ်လို့ မှန်းဆကြပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် နဲ့ ရှိတ် ဟာဆီနာ တို့တွေ့ဆုံတာဟာ ဒုတိယအကြိမ် ဖြစ်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်က က မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ဘင်းစတက် ညီလာခံ ပြင်ပမှာ နှစ်နိုင်င့ခေါင်းဆောင်တွေ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၁ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြား မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။