PR စနစ် လက်ခံဆွေးနွေးဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်

2014-07-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ PR စနစ်ကို ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်စဉ်
ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ PR စနစ်ကို ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်စဉ်
Photo: Win Naung Toe/RFA

လာမယ့် ရွေးကောက်ပွဲတွေမှာ တိုင်းဒေသကြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကိုကျင့်သုံးပြီး ရွေး ချယ်နိုင်ဖို့အတွက် ရွေးကောက်ပွဲနည်းစနစ် ပြောင်း လဲပေးဖို့အဆိုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ် အတော်များများက ကန့်ကွက်ခဲ့ပေမဲ့ ပြည်သူ့လွှတ်တော် က လက်ခံဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က PR စနစ်ကို ဘာကြောင့်ကန့်ကွက်သလဲ ဆိုတာကို လွှတ်တော်ပြင်ပမှာ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

"ဒီဟာကို တင်ပြခြင်းဟာတောင်မှ တိုင်းရင်းသားတွေ ကြားထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်စေတယ် ဆိုတာ ကျမတို့နားလည်သလောက်တော့ ဒီလိုဖြစ်နေတယ်လို့ကြားတယ်၊ အဲဒီအချက်ပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးဖို့မသင့်ဘူးဆိုတာကို ထောက်ခံတဲ့ သဘောပါ၊ ဆွေးနွေးရဲလို့ ဆွေးနွေးချင်တယ် ပြည်သူတွေလည်း တင်ပြချင်တယ် ဘာဖြစ်လို့ NLD က PR စနစ်ကို မထောက်ခံဘူးဆိုတာ၊ အဲတော့ တင်ပြတဲ့အထိစောင့်ပါ"

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က PR ရွေးကောက်ပွဲစနစ် အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ရှမ်း၊ ရခိုင်နဲ့ ကရင် စတဲ့ တိုင်းရင်းသားပါတီတွေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အတော်တော်များများကလည်း ဒီနေ့ လွှတ်တော် အစည်းအဝေးကို မတက်ရောက်ဘဲ ကန့်ကွက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၀ ကျော်က ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူများတာကြောင့် အချိုးကျကိုယ်စားပြုစနစ်ကိုကျင့်သုံးပြီး ရွေးချယ်နိုင်ဖို့အဆိုကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

လွှတ်တော်မှာ ဒီကနေ့ ကန့်ကွက်ဆွေးနွေးခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကို RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

(

FPTP (the First-Past the Post) စနစ် သုံး ၂၀၁၀ ရွေးကောက်ပွဲ မှာ ကြံ့ဖွတ်ပါတီ အနိုင်ရရှိရေး အတွက် မသမာသောနည်းမျိုးစုံကိုံသုံး ပြီး မဲခိုး၊ မဲလိမ် ခဲ့ကြတယ၊်
လက်ရှိဘင်္ဂါလီ(ရိုဟင်ဂျာ) 300,000 ကို မက်လုံး ပေးပြီး မဲ ဆွယ် white card့ပေး ပြီး ၊ ပါတီထောင်ခွင့် မက်လုံး ပေးပြီး မဲ ဆွယ်ခဲ့ကြတယ၊် အခု တော့ FPTP (the First-Past the Post) စနစ် မကောင်းဘူးဆိုလာပါတယ်။
PR (Proportional representation) ကောင်းတယ်ဆိုလာပါတယ်။
တော် ကြာတစ်မျိုး၊ တော် ကြာတစ်မျိုး၊ အရပ်ပျက်မ လို ဖြစ် နေ ပါတယ်။

Jul 25, 2014 05:33 PM

အမည်မဖော်လိုသူ

ခြေဥပြင်ဆင်ရေးဆီကနေ အာရုံလွှဲချင်လို့ PR စနစ် ၊ ဘာသာရေး ပဋိပက္ခ ၊ သတင်းသမားထောင်ချ ၊ လယ်သမားထောင်ချ .. ဒါတွေ လျှောက်လုပ်နေတာပါ။

Jul 24, 2014 08:35 PM

အမည်မဖော်လိုသူ

PR စနစ်ဟာ NLD ကို အကိုင်းဖြတ် ၊ အရွက်ချွေတဲ့စနစ်ဆိုတာ “တွံ ၊ သင်သည် ၊ ဂဏှာဟိ ၊ မှတ်လေလော့” ။
အနိစ္စ ဒုက္ခ အနတ္တ ဆိုတာကို သဘော မပေါက်လို့ “သဘောက်” မပေါအောင် မလုပ်နိုင်ကြတာပါပဲ။

Jul 24, 2014 03:17 PM

ဆိုက်တခုလုံးသို့