ငြိမ်းချမ်းရေးနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေသအတွင်း မှာ ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေ ရှာဖွေရှင်းလင်းပေးဖို့ကို အဓိကထား တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဇန်န၀ါရီလ ၂၁ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော် ခေတ္တနားနေစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှု ကို ဖြေကြားခဲ့ပါတယ်။
2013-01-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော် ဆဌမအကြိမ် ပုံမှန်အစည်းအဝေး ပထမရက်က အစည်းအဝေး ခေတ္တရပ်နားစဉ် မှာ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာတွေနဲ့ တွေ့ဆုံစဉ်။
ပြည်သူ့လွှတ်တော် ဆဌမအကြိမ် ပုံမှန်အစည်းအဝေး ပထမရက်က အစည်းအဝေး ခေတ္တရပ်နားစဉ် မှာ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာတွေနဲ့ တွေ့ဆုံစဉ်။
Photo:RFA/Myint Oo

မနေ့က ဇန်န၀ါရီလ ၂၀ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ မနေ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းတွေမှာ အစိုးရက ပါဝင်စေချင်တယ်ဆိုရင် မိမိအနေနဲ့ ပါဝင်ဆောင်ရွက်ပေးဖို့လည်း အဆင်သင့်ရှိတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့ပါတယ်။

မနေ့က ကျောက်ကြီးမြို့နယ်၊မုန်းဒေသမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို RFA သတင်းထောက် မအိအိခိုင် က ကောက်နုတ်တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (3)
Share

Mr. BeiHtan,
I'm sympethise your will. But , Present KIA/O are not the native Kachin people like you, but from China Communist Bureaucratics. Even Amay Su come into Kachin peace process, they won't accept Amay Su's proposals, but follow the comments from China.

Mar 02, 2013 02:51 AM

ဘိဒ်ထန်

နေရပ်- ကိုရီးယား

ဖြေးဖြေးလုပ်တဲ.အလုပ်ဆိုတာရှိတယ်။ လတ်တလော လုပ်တဲ.အလုပ်ဆိုတာလည်းထိုနည်းတူရှိတယ် ။မြန်မာနိုင်ငံပြည်သူပြည်သားတွေ အားကိုးတဲ. အမေစုရယ်။ အမေရဲ.စကား တခွန်းကြောင်. ကချင်ပြည်နယ်ရဲ.သွေးတွေတိတ်နိုင်တဲ.POWER တွေရှိပါတယ်။ ဗမာပြည်သူတွေသွေးထွက်တဲ.အရေးမဟုတ်တဲ.အတွက်ကြောင်.လား ကချင်ပြည်သူတွေလည်း ပြည်ထောင်စုသားတွေပါ ။သွေးတွေယိုစီးနေတဲ. ကချင်အရေးကို ဦးစားပေးစေချင်တယ် အမေရယ်။ ကျန်တာနောက်မှာလုပ်လို.ရတယ် စာနာပေးမယ်လို. မျှော်လင်.ပါတယ်အမေ


Jan 22, 2013 12:54 PM

အမည်မဖော်လိုသူ

Amay Suu, really appreciated that you go to Mone and Kyaukkyi. I am from Mone and I was NLD youth leader during 1990 campaigning. I am now in overseas and very glad to see you went all the way to my hometown. I hope one day I can meet you again.

Jan 22, 2013 10:14 AM

ဆိုက်တခုလုံးသို့