ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တစ်ခု ထပ်မံ ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်ရေးလှုပ်ရှား မှုတွေအတွက် တိုင်ဝမ်အခြေစိုက် National Chiao Taung University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ မနေ့ မွန်းလွဲပိုင်းက ကော့မှူးမြို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကျောင်း HTCA မှာပြုလုပ်ခဲ့တဲ့ အဲ့ဒီ ဆုချီးမြှင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။