သမ္မတအိုဘားမား ပြန်ရွေးချယ်ခံရမယ်လို့ ခန့်မှန်းခဲ့ကြောင်း ဒေါ်စု ပြောကြား

ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က မနေ့ကကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မစ္စတာအိုဘားမား အခုလို ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိခန့်မှန်းခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် ကူညီမယ်လို့ မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမြန်မာပြည်ဆိုင်ရာ သတင်းတွေကိုဖေါ်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေအနေနဲ့ အစိုးရရဲ့ လှုပ်ရှားမှုသတင်းတွေကို အမှန်ပကတိ အရှိအတိုင်းဖေါ်ပြဖို့လိုကြောင်း ပြောဆိုခဲ့တဲ့အပြင် အာဏာရှိသူတွေနဲ့ သတင်းထောက်တွေအကြား ထားရှိအပ်တဲ့ ဆက်ဆံရေးကိုလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။