ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်မှာ စီးပွားရေး ကိစ္စ ပြောကြားမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့ကို ရောက်ရှိနေစဉ် အတွင်း အမေရိကန် - မြန်မာ စီးပွားရေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းတို့ရဲ့အစီအစဉ်နဲ့ မြန်မာပြည်ဆိုင်ရာ စီးပါွးရေးကိစ္စတွေကို ဟောပြော မှာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းကျင်းပမယ့် အခမ်းအနားမှာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေက မြန်မာပြည်ဖွံ့ဖြိုးရေးအတွက် ပါဝင်နိုင်မယ့် ကဏ္ဏကို ထည့်သွင်းပြောဆို ဖွယ်ရှိပါတယ်။

အဲဒီ အခမ်းအနားကို အမေရိကန်အစိုးရထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စမယ်ဒလင်း အောဘရိုက်လည်း တက်ရောက်မယ်လို့ သတင်းရပါတယ်။