ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ကြိုဆို လက်ဆောင်ပေးသူများ အာဏာပိုင်တွေမေးမြန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ညောင်ဦး ခရီးစဉ်အတွင်း ကြိုဆို နှုတ်ဆက်ခဲ့သူတွေနဲ့ လက်ဆောင် ပစ္စည်းပေးသူ တချို့ကို ခရီးစဉ်အပြီး ရက်ပိုင်းမှာ အာဏာပိုင်တွေက စုံစမ်းမေးမြန်းတာ တွေ ရှိတယ်လို့ သိရပါတယ်။

2011-07-10
Share
assk-bagan-welcome-305-z ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ပုဂံသို့ ဘုရားဖူးခရီး ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ပုဂံ River View Hotel မှ ဝန်ထမ်းများက ကြိုဆိုနေစဉ်။ (www.demowaiyan.co.cc)
www.demowaiyan.co.cc

ဇူလိုင်လ ၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးဈေးကို သွားရောက်ခဲ့စဉ် ဈေးသူဈေးသား တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ပန်းကုံးစွပ် ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ ဒေသခံ အရာရှိတဦးက ဈေးအတွင်း လာရောက်ပြီး စစ်ဆေး မေးမြန်းခဲ့ကြောင်း ဆိုင်ရှင်တဦး က ပြောပါတယ်။

“ရဲစခန်းမှူးလို့ ပြောတာပဲ။ ပန်းကုံးစွပ်တဲ့ ကလေးတွေရဲ့ မိဘတွေ အိမ်တွေကို သွားပြီးတော့ ဘယ်သူစွပ်တာတုံး ဘာတုံးနဲ့ လာပြီး မေးတယ်။ ပန်းစည်းတွေ အဝတ်အထည်တွေ ပေးတဲ့ ကလေးမ လေးတွေကိုလည်း ခေါ်ပြီးတော့ နာမည်တွေ မေးတယ်”

ညောင်ဦးမြို့ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လဲှလှဲ ကြိုဆိုနှုတ်ဆက်တာတွေ မလုပ်ကြဖို့ တားမြစ်ထားပေမယ့် ညောင်ဦးဈေးကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာတော့ လူတထောင်ကျော်လောက်က ဝမ်းပန်းတသာ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ဒီအကြောင်း အပြည့်အစုံကို မခင်ခင်အိက စုစည်း တင်ပြထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။