ဒေါ်အောင်ဆန်းစုကြည် လန်ဒန် လွတ်လပ်ရေးဆု လက်ခံ

ဥရောပ ၃ နိုင်ငံ နောက်ဆုံး ခရီးစဉ် အဖြစ် ဗြိတိန်နိုင်ငံ ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ လန်ဒန်ရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ Freedom of the City of London လန်ဒန်မြို့တော် ဂုဏ်ထူးဆောင် လွတ်လပ်ရေးဆု ကို မနေ့ က လက်ခံခဲ့ပါတယ်။

၁၃ ရာစုကတည်းက စတင်လာခဲ့တဲ့ အဲဒီဆုချီးမြှင့်ပွဲကို လန်ဒန် Guildhall ခန်းမမှာ ကျင်းပခဲ့တာပါ။ ဒီမိုကရေ စီရေးအတွက် နှစ်ပေါင်းများစွာ အကြမ်းမဖက်တဲ့နည်းနဲ့တိုက်ပွဲဝင်ခဲ့တာ၊ ပြည်သူတွေ လွတ်လပ်၊ ငြိမ်းချမ်း၊ လုံခြုံစွာနေထိုင်နိုင်တဲ့ လူ့ဘောင်တရပ်ဖန်တီးရေးအတွက် နှစ်မြုပ်ဆောင်ရွက် ခဲ့တာတွေအပေါ် ဂုဏ်ပြုချီးမြှင့် တာဖြစ်ကြောင်း လည်းဖေါ်ပြပါတယ်။

ဆုချီးမြှင့်ရာခန်းမရဲ့ အပြင်ဘက်မှာတော့ ရိုဟင်ဂျာ အဖွဲ့တွေနဲ့ ကချင်အဖွဲ့အစည်းတွေ က ဒေါ်အောင်ဆန်းစုကြည် ကို ကန်ကွက်ဆန္ဒပြခဲ့ကြသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တွေကလည်း ဂုဏ်ပြုကြိုဆိုခဲ့ကြ ပြီး၊ ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြ ခဲ့ကြပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက် ဗြိတိန်ရောက် မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။