တရားဥပဒေစိုးမိုးရေး အလေး ထားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာပြည်သူတွေဟာ တရားဥပဒေစိုးမိုးရေးအောက် မှာ နေထိုင်နိုင်မှသာ ဥပဒေရဲ့ အကာအကွယ်ပေးမှု အရ လုံခြုံမှုရှိနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မန္တလေးမြို့ ရွှေပြည်သာဟိုတယ်မှာ ဒီနေ့ကျင်းပခဲ့တဲ့ တရားဥပဒေစိုးမိုးရေးစင်တာများ ရှေ့ပြေးစီမံကိန်း သင်တန်းဆင်းပွဲအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြော ကြားခဲ့တာပါ။

လားရှိုးနဲ့ မန္တလေးက တရားဥပဒေစိုးမိုးရေး စင်တာတွေက သင်တန်းသား အယောက် ၈ဝ ကို ဒေါ်အောင်ဆန်းစုကြည်က သင်တန်းဆင်း လက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း တရားဥပဒေစိုးမိုးရေး စင်တာတွေကို UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ရဲ့ အကူအညီနဲ့ တစ်နိုင်ငံလုံးမှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။