မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အဖွဲ့ပေါင်းစုံ ဘက်ပေါင်းစုံပါတဲ့ ပြည်တွင်းစစ် ဖြစ်လာနေပြီလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောလိုက်ပါတယ်။
မြန်မာ့အရေး အချိန်တိုအတွင်း ဖြေရှင်းနိုင်အောင် ဗြိတိန်၊ အာဆီယံနဲ့ တခြားနိုင်ငံတွေက ကြားဝင်ကူညီဖို့လိုနေပြီလို့ ထိုင်းနိုင်ငံကို အလည်အပတ်ရောက်နေချိန် သတင်းထောက်တွေကို မတ်လ ၂၀ ရက်နေ့မှာ ပြောလိုက်တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာပြည်က ဒုက္ခသည်တွေကိုကူညီနိုင်ရေး စတာလင်ပေါင်သန်း ၁၂ဝ ကျော် ထောက်ပံ့ပေးခဲ့ပြီဖြစ်သလို၊ နောက်ထပ်အကူအညီတွေ ထပ်မံပံ့ပိုးသွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Srettha Thavisin နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။