တယ်လီဖုန်း ခေါ်ဆိုခတွေ ထပ်မံလျှော့ချဖို့ရှိ
2013-06-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံမှာရှိတဲ့ မိုလ်ဘိုင်းဖုန်းတွေရဲ့ ခေါ်ဆိုခကို ဒီဘဏ္ဍာရေးနှစ်အတွင်းမှာ တစ်မိနစ် ၅ဝ ကျပ်ကနေ အဲ့ဒီထက်သက်သာတဲ့ နှုန်းထားနဲ့ ထပ်မံလျော့ချသွားမယ်လို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားလိုက်တာပါ။
"ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့  ယခုအချိန်မှာ ဝန်ခံရမယ်ဆိုရင် တယ်လီဖုန်းပြောဆိုခတင်မက အခြားကောက်ခံတဲ့  အခွန်အခများ ခေတ်နဲ့လျော်ညီမှု မရှိတော့ပါဘူး၊ အဲဒါတွေအတွက်  ခေတ်နဲ့လျော်ညီမှု ရှိစေရန်အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့  နှိုင်းယှဉ်ပြီးတော့ ကွာဟချက်နည်းပါးရန်အတွက် ကျနော်တို့  ပြန်လည်သုံးသပ်ပြင်ဆင်ပြီး ဆောင်ရွက်လျှက်ရှိပါ တယ်၊ ခေါ်ဆိုခနှုန်းထားများကို  လျော့ချဆောင်ရွက်ခြင်းကို ယခုဘဏ္ဍရေးနှစ်အတွင်းမှာ ဆောင်ရွက် သွားမှာဖြစ်ပါတယ်"
မိုလ်ဘိုင်းဖုန်းတွေ ခေါ်ဆိုခ တစ်မိနစ် ၅ဝ ကျပ်ကနေ ၅ ကျပ်နှုန်းအထိ မြန်မာ့ဆက်သွယ်ရေးက လျှော့ချပေးဖို့ အစီစဉ်ရှိ၊ မရှိကို လသာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က လွှတ်တော်ကို မေးမြန်းရာမှာ ဝန်ကြီး ဦးသောင်းတင်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မိုလ်ဘိုင်းဖုန်းတွေက ခေါ်ဆိုခ တစ်မိနစ် ၅ဝ ကျပ် မြန်မာ့ဆက်သွယ်ရေးက သတ်မှတ်ထားပြီး တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဖုန်းခေါ်ဆိုခနှုန်းထားတွေ မြင့်မားနေတယ်လို့ သိရပါတယ်။
ကွန်မင့်များ (3)
Share
အမည်မဖော်လိုသူ
အပေါ်က သတင်းမှန်ရင် ပြုလုပ်ပေးနိုင်ရင် မြန်မာပြည်သားတွေအားလုံးအတွက် ကောင်းမှာပါ..
Jul 02, 2013 01:38 PM
အမည်မဖော်လိုသူ
Jul 01, 2013 07:20 PM
အမည်မဖော်လိုသူ
Jul 01, 2013 07:17 PM
ဆိုက်တခုလုံးသို့