အလှူငွေပေးအပ်သူတစ်ဦး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဦးမောင်လှသွယ် ဆိုသူကို မနေ့က ရမ်းဗြဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချပြီး ကျောက်ဖြူ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့သိရပါတယ်။
2012-12-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အာဏာပိုင်တွေပစ်ခတ်မှုကြောင့် အောက်တိုဘာလက သေဆုံးသွားတဲ့ ဦးဟန်ရွှေဆိုသူရဲ့ ကျန်ရစ်သူမိသားစုတွေကို အလှူငွေပေးအပ်ဖို့သွားသူ ဦးမောင်လှသွယ်ကို အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးပြီး ပုဒ်မ-၅၀၅(ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုစွဲတင်ပြီး ရမ်းဗြဲမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဦးမောင်လှသွယ် ကို တရားရုံးမှာ မနေ့က သူတို့ တွေ့ခွင့်မရခဲ့ဖူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

တရားရုံးမှာ စွပ်စွဲချက်တွေကို ခုခံချေပဖို့အတွက် ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ရှေ့နေငှားရမ်းခွင့်မပေးခဲ့ဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ချောင်းဝကျေးရွာအုပ်စု ရေမျက်ဝကျေးရွာမှာရှိတဲ့ သေဆုံးသူ ဦးဟန်ရွှေရဲ့ကျန်ရစ်သူ မိသားစုအတွက် စေတနာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတစ်ချို့က စုပေါင်းလှူဒါန်းတဲ့ ငွေ ၈ သိန်းကို ရမ်းဗြဲမြို့မှာနေထိုင်တဲ့ ဦးမောင်လှသွယ် က သူတို့ကိုယ်စား သွားရောက်ပေးအပ်ရာမှာ အာဏာပိုင်တွေက လမ်းမှာဖမ်းဆီးပြီး အမှုစွဲတင်ခဲ့တာဖြစ်ပါတယ်။

ဦးဟန်ရွှေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဆူပူမှုတွေအတွင်း အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

w

ယခုလိုမျိုး ရှေ့နေငှားခွင့် မ ပေးတာ၊ စွဲချက်တင်တာနဲ့ စစ်ဆေးတွေ့ရှိချက်တွေကို တဖက်သတ် သတ် မှတ်အမိန့်ချတာတွေတော့ မတရားဘူးထင်ပါတယ်။ ပွင့်လင်းမြင်သာမှု ဆိုတာတွေ ဘယ်ချောင်ရောက်သွားပြီလဲ၊ လိုအပ်ရင် သတင်းစာရှင်းလင်းပွဲတောင်လုပ်ပြီး တရားရုံးအမိန့် တရားကြောင်း သက်သေပြသင့်တယ်

Dec 27, 2012 02:51 AM

tin mg

နေရပ်- MAESAI THAILAND

တရာခံကိုရှေ့နေငှားခွင့်မကေးဘူးဆိုတာကိုကတရားရုံးရဲ့မမှန်ကန်မှုတရားဥပဒေစိုးမိုးရေးနဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဍ္ဍဒေါ်အောင်ဆန်စုကြည်အနေနဲ့မှန်ကန်မှုရှိမရှိစုံစမ်းပေးစေလိုပါသည်။ဒေါက်တာထွန်းအောင်အမှုကိုလဲပြန်လည်စစ်ဆေးပေစေလိုပါသည်

Dec 25, 2012 07:20 AM

win

အကြောင်းမဲ့အဖမ်းခံရတာဟုတ်ဘူးလို့ထင်ပါတယ်၊အပြစ်ရှိုလို့
ထောင်ဒဏ် ကျတာ ပါ။ အမိန့်ချတဲ့တရားသူကြီးတွေလည်းရခိုင်လူ
မျိုးတွေဖြစ်ဖို့များပါတယ်၊အပြစ်ရှိလို့ပါ

Dec 22, 2012 08:28 PM

အမည်မဖော်လိုသူ

ကိုယ်လည်းမလုပ်နိုင် သူများလုပ်တော့လည်းမရှုစိမ့် ဆိုတော့ မှတ်ချက်ပေးခြင်စိတ်ကိုမရှိတော့ပါ

Dec 22, 2012 07:35 AM

ဆိုက်တခုလုံးသို့