လမ်းနဲ့ လျှပ်စစ်မီး ဦးစားပေးမည်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က မွန်ပြည်နယ်အစိုးရအတွက် ဘတ်ဂျက်ကျပ်ငွေ ၈၆ ဘီလီယံ ရရှိထားပြီး အဲဒီအထဲက ၁၅ ဘီလီယံကို မော်လမြိုင်မြို့ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းခင်းတာတွေ ဦးစားပေးဆောင် ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ပြောတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ချောင်းဆုံမြိုနယ်၊ ကျိုက်မရောမြိုနယ်နဲ့ သံဖြူဇရပ် မြို့နယ်တွေမှာ အလားတူ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့မြို့နယ်တွေမှာလည်း ဆက်လက်လုပ်သွားမယ်လို့ သိရပါ တယ်။ မော်လမြိုင်မြို့မှာ ၃ လတစ်ကြိမ် လူထုနဲ့ တွေ့ဆုံပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။ မော်လမြိုင်မြို့က ဒီကနေ့ လူထုတွေ့ဆုံပွဲကို မြို့ခံ ၃၀၀ ကျော် လောက်တက်ရောက်ခဲ့ပါတယ်။