တာဝန်လစ်ဟင်းရင် နှုတ်ထွက်ပေး တဲ့ စနစ် ရှိသင့်


2014.06.29
minkonaing-305 ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောပွဲမှာ ဇွန်လ ၂၉ ရက်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောကြားနေစဉ်
Photo: Kyaw Zaw Win / RFA

ဒီမိုကရေစီစနစ်မှာ အစိုးရတာဝန်ရှိသူတွေဟာ တာဝန် မကျေပြွန်တဲ့အခါ နှုတ်ထွက်ပေးကြတဲ့ ယဉ်ကျေးမှု ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာလည်း အဲဒီလို ယဉ်ကျေးမှု မျိုးဖြစ်လာအောင် ပြည်သူတွေ အားလုံးက ကြိုးစားရ မှာဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဒီနေ့ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောပွဲမှာ ဒီမိုကရေစီစနစ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်တဲ့အကြောင်း ပြောစဉ်အခုလို ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာဖြစ်ကြောင်း နဲ့ ကာကွယ်ရေးဝန်ကြီးဆိုတာလည်း အရပ်သား သာ ဖြစ်ရမှာဖြစ်ကြောင်းလည်း လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။

ဒီ ဟောပြောပွဲကို ဒေသခံတွေ တစ်ထောင် နီးပါး တက်ရောက်နားထောင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ရှေ့နေ ဦးဌေးဦးတို့ကလည်း ဘာကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရေးကြီးကြောင်းကို ရှင်းပြခဲ့ကြပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့် ရဲ့တင်ပြချက်ကို နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။