"လူနံမည်ပါမယ်။ မဲရုံနံပါတ်၊ မဲစာရင်းနံပါတ်၊ မှတ်ပုံတင်ပါမယ်။ မဲကြိုလက်မှတ် ပေးထားတယ်ဆိုတာက မဲရုံရောက်တဲ့အခါ မဲစာရင်းနံပါတ် အလွယ်တကူရှာလို့ရအောင်ဗျာ။ အဲဒါပေးထားတဲ့ ရပ်ကျေးကော်မရှင်က အခုပြန်သိမ်းတယ်။ အဲဒီကတ်ပြားလေးနဲ့အတူ နိုင်ငံသားစိစစ်ရေး ကတ်ပြားလေးနဲ့ တပါတည်း ယူလာပါဆိုပြီး ကတ်ပြားမှာရေးထားတာ၊ မဲရုံလာမယ်ဆိုရင် မှတ်ပုံတင်ပြပြီးတော့ ဒီကတ်ပြားလေးမှာရှိတဲ့ နံပတ်လေးကို မဲရုံမှာ မဲစာရင်းကိုင်တဲ့လူက ရှာပြီး ချက်ခြင်း လက်မှတ်ထိုးခိုင်းလိုက်ရုံပဲ။ ပြီးရင် မဲကတ်ပြား ထုတ်ပေးတာနဲ့ သွားပြီးထည့်လိုက်မယ်။ အချိန်အရမ်းသက်သာတာပေါ့ဗျာ"
အဲဒီကတ်ပြားကို ပြန်သိမ်းလိုက်တာကြောင့် မဲထည့်ရာမှာ အချိန်ကြာသွားနိုင်တဲ့အတွက် မြို့နယ်ကော်မရှင်နဲ့ ဆွေးနွေးတဲ့အခါ အကြိုကတ်ပြားတွေ ထုတ်မပေးတော့ဘူးလို့ ပြောတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီက တာဝန်ယူကာ အမြန်ဆုံး ရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ ဦးမျိုးနိုင်က ဆက်ပြောပါတယ်။
" ကျွန်တော်တို့က အဲဒီမဲကြိုကတ်ပြားတွေကို အားဂျင့်ရိုက်ပြီးတော့ ရပ်ကျေးရုံးတွေကနေတဆင့် အဖွဲ့ချုပ်ဝင်တွေကနေ ရပ်ကွက်ထဲကို ဆင်းပြီး မဲဆန္ဒရှင်တွေရဲ့ မဲကြိုကတ်ပြားတွေကို ပေးနိုင်အောင် ဆောင်ရွက်သွားမယ်။ တစ်ရက်၊ နှစ်ရက်အတွင်း လုပ်ရမှာ။ ၃၁ ရက်နေ့ လက်ထဲမှာ ဒါတွေရှိနေရမှာပေါ့။ ကျွန်တော်တို့က သူတို့အိမ်တွေအထိ လိုက်ပေးမှာ။ အဖွဲ့နဲ့ပတ်သက်တဲ့ဟာ တစ်ခုမှ မပါဘူး။ အဲဒီကတ်ပြားမှာ ကာယကံရှင်မဲဆန္ဒရှင်ရဲ့ အမည်ရယ်၊ မဲရုံအမှတ်ရယ်၊ မဲစာရင်းနံပါတ်ရယ်၊ သူတို့အဖရယ်၊ မှတ်ပုံတင်ရယ် ဒါပဲထည့်ရိုက်ထားတာ"
အဲဒီမြို့နယ်အတွင်းမှာ အင်န်အယ်လ်ဒီ ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ၅ ပါတီ နဲ့ တစ်သီးပုဂ္ဂလ ၃ ဦး ဝင်ရောက် အရွေးခံကြမှာဖြစ်ပါတယ်။