Eleven Media အယ်ဒီတာတွေအပေါ် တရားစွဲထားမှု ရုပ်သိမ်းဖို့ RSF တောင်းဆို


2018.10.26
eleven-editors-court-622.jpg နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာ ၃ ဦးကို တာမွေမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

Eleven Media က သတင်းသမားသုံးဦး အာမခံနဲ့ လွတ်လာပေမယ့် သူတို့ကိုစွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်းပေးဖို့ RSF - နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒီလ ၈ ရက်နေ့ထုတ် စာစောင်မှာ အကြီးတန်းအယ်ဒီတာ ဖြိုးဝေက "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" သတင်းသုံးသပ်ချက် ဆောင်းပါးရေးသားခဲ့ပါတယ်။ ဒီသုံးသပ်ချက်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အကြည်ညိုပျက်စေတဲ့အတွက် ဆောင်းပါးရေးသားသူရော အယ်ဒီတာ ကိုကျော်ဇော်လင်းနဲ့ ကိုနရီမင်းတို့ သုံးဦးကို တရားစွဲဆိုတဲ့အမှုဖြစ်ပါတယ်။

ဒီနှစ်ဦးပိုင်းကစလို့ သတင်းလွတ်လပ်ခွင့်ထိပါးနေတာမို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ နိုင်ငံ ၁၈၀ အနက် မြန်မာနိုင်ငံကို RSF က အဆင့် ၁၃၇ သတ်မှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။