မြန်မာအရာရှိ ၇ ဦး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ EU ပိတ်ဆို့ အရေးယူဖို့ရှိ

2018-06-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်
ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်
AFP Photo

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိခဲ့တဲ့အတွက် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ် အရာရှိ ၇ ဦးကို EU ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့က ပိတ်ဆို့ အရေးယူသွားမယ်လို့ EU သံတမန်တွေနဲ့ အရာရှိတွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီအရာရှိ ၇ ဦးရဲ့ EU နိုင်ငံတွေနဲ့ပတ်သက်နေတဲ့ဘဏ်တွေမှာ အပ်နှံထားတဲ့ ပိုင်ဆိုင်မှုနဲ့ဘဏ်စာရင်းတွေကို ထုတ်ယူလို့ မရအောင် ထိန်းချုပ်ထားမှာဖြစ်ပြီး EU နိုင်ငံတွေကို ခရီးသွားလာမှုကိုလည်း ပိတ်ပင်မယ်လို့ သိရပါတယ်။

EU ဟာ မြန်မာ့တပ်မတော်နဲ့ သင်တန်းပေးတာအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်နားထားပြီး လက်နက် ရောင်းဝယ်မှုကိုလည်း ပိတ်ပင်ထားပါတယ်။EU အဖွဲ့ဟာ မြန်မာအရပ်သားအစိုးရပြောင်းလဲခဲ့အပြီး ၂ဝ၁၂ ခုနှစ်က ပိတ်ဆို့အရေးယူမှု အတော်များများကို EU က ရပ်ဆိုင်းခဲ့ပါတယ်။

ဒီအရာရှိ ၇ ဦးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်တပ်ကဖြစ်တယ် ဆိုတာတွေကိုတော့ သတင်းမှာ အသေးစိပ် ဖော်ပြမထားသလို၊ EU ကလည်း ကြေညာချက် ထုတ်ပြန်တာမရှိသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထားအရေးယူပိတ်ဆို့ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ အင်းဒင် လူသတ်မှုအပြီး ကနေဒါနိုင်ငံက အလားတူ ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့