ဗြောက်အိုးဖောက် ဆန္ဒပြသူ ထောင်ဒဏ် ၈ ရက် စီရင်ခံရ


2014.03.31
lpt-monastry305.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့ စေတီဟောင်းကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ၁၆ လပြည့် အထိမ်းအမှတ်အဖြစ် မနေ့က ဗြောက်အိုးဖောက်ဆန္ဒပြခဲ့တဲ့ ကိုအောင်ကိုဦး ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ ရက် ချမှတ်လိုက်ပါတယ်။

ရဲအက်ဥပဒေ ပုဒ်မ ၄၂ အများပြည်သူ အထိတ်တ လန့်ဖြစ်စေမှုနဲ့ အမိန့်ချလိုက်တာဖြစ်တယ်လို့  တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုဝေဠုက   ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာထဲမှာရှိတဲ့ လယ်တီသိမ်တော်ကို စီမံကိန်းနေရာနဲ့ လွတ်ကင်းရာ ကို ပြောင်းရွေ့ဖို့အတွက် ဒေသဆိုင်ရာတာဝန်ရှိသူတွေ က နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူထားပြီးပြီလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။