ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေထဲက လူငါးဦးပါဝင်တဲ့ မိသားစုတခု မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ပြန်ရောက်လာကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစိုးရပိုင် Global New Light of Myanmar သတင်းစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အခုအချိန်ထိ ပြန်လာသူ ဒုက္ခသည် အရေအတွက် ၁ဝဝ ကျော်ပြီဆိုပေမယ့် အဲဒီသူတွေဟာ သူတို့ရဲ့ စိတ်ဆန္ဒအလျောက် ပြန်လာကြတာလား ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက မေးခွန်းထုတ်နေကြကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်ကို တရားဝင်စတင်နိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။