0:00 / 0:00
အမျိုးသား ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး လေးပွင့် ဆိုင်ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှာ ပြန်လည်စတင်ဖို့ ဒီကနေ့ပြုလုပ်တဲ့ အကြိုအစည်း အဝေးက အတည်ပြုလိုက်ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ အချက် ၉ ချက် သဘောတူညီခဲ့ တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကျောင်းသား ကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
အစည်းအဝေးမှာ လေးပွင့်ဆိုင်တက်ရောက်မယ့် ကိုယ်စားလှယ်အရေအတွက်အပြင် သတင်းမီဒီယာတွေ သတင်းယူခွင့်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးတယ်လို့ ဆိုပါတယ်။
ဒီနေ့ အစည်းအဝေးမှာ ကျောင်းသားကိုယ်စားလှယ် ၃ ဦး NNER ကိုယ်စားလှယ်၂ ဦးနဲ့ ပညာရေး ဒုတိယဝန်ကြီးအပြင် ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီး နဲ့ ပညာရေးလူမှုရေးဝန်ကြီးတို့လည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ကျောင်းသား ကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းပါတယ်။
