NCA ကို ရှောင်လွှဲမရနိုင်ဟု တရုတ်ကိုယ်စားလှယ် ပြောကြား


2018.07.13
3th-21panglong-622.jpg ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈၊ ဇူလိုင် ၁၁ ရက်နေ့က ကျင်းပစဉ်
Photo: Thiha Tun/ RFA

မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တတိယအကြိမ် ပင်လုံညီလာခံကို တက်ရောက်လာအောင် တိုက်တွန်းခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့ NCA စာချုပ်ကို ရှောင်လွဲလို့မရဘူးလို့ ယုံကြည်တယ်လို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကိုရှန်းက မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

ပါဝင်ပတ်သက်တဲ့အဖွဲ့တွေအနေနဲ့လည်း NCA စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။  တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေနဲ့ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ချိန်က ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းကမဟုတ်ဘဲ လမ်းကြောင်းသစ်နဲ့ သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာအစိုးရဘက်ကရော တပ်မတော်ဘက်ကပါ NCA ကို လက်မှတ်ရေးထိုးဖို့ အမြဲ တိုက်တွန်းနေပါတယ်။  ဇူလိုင်လ ၁၂ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်  KIO အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကတော့ NCA ကို လက်မှတ်ထိုးမယ် မထိုးဘူး ပြောဖို့ အချိန်စောသေးတယ်လို့ ပြောပါတယ်။

အခုဆွေးနွေးပွဲကို ဖိတ်ကြားတဲ့သူက ဖိတ်ကြားခဲ့တာတော့ အပြန်အလှန်လေးစားသောအားဖြင့် လာရောက်တက်ခဲ့ တာလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေ ကတော့ စတင်လာတာ တွေ့ရပါတယ်။

မြောက်ပိုင်းအဖွဲ့ကို ညီလာခံကို ခေါ်ဆောင်လာတဲ့ တရုတ် သံတမန် ဆွန်ကိုရှန်း ကလည်း  လက်ရှိအစပိုင်း အခြေအနေတွေ ကောင်းမွန်နေပါတယ်လို့ ပြောပါတယ်။

တဆက်တည်း အခုလို တရုတ်နိုင်ငံအနေနဲ့ ကြားဝင်ဆောင်ရွက်နေခြင်းဟာ တရုတ်ပြည် အကျိုးစီးပွားအတွက် မဟုတ်ပါလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။