အစိုးရတာဝန် လွှဲပြောင်းရေးအတွက် လက်ရှိအစိုးရနဲ့ NLD အဖွဲ့ဝင်တွေ နေပြည်တော်မှာ ၂၂ရက်နေ့ မနေ့က ပဉ္စမအကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းတဲ့ အခမ်းအနားနဲ့ ညစာစားပွဲ အစီအစဉ် ၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုုပြီးနောက်မှာ အသစ်ရွေးချယ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီးတွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သွားရောက်လေ့လာရေးနဲ့ ပြည်ထောင်စုဝန်ကြီးအသစ်တွေကို အပ်နှံမယ့် အိမ်ရာတွေအကြောင်း ဆွေးနွေးကြတယ်လို့ အစိုးရပြန်ကြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။
အစည်းအဝေးကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်တို့ ဦးဆောင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။