ကြို့ပင်ကောက်မြို့မှာ လက်ပန်းတောင်းအရေး ဆန္ဒဖေါ်ထုတ်

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်တဲ့စာသားပါ တီရှပ်အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားတဲ့ လူအင်အား ၁ဝဝ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

2012.12.05

ဆန္ဒဖေါ်ထုတ်ပွဲကို ပြီးခဲ့တဲ့ ၂ ရက်လောက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖစ်ပါတယ်။ သပိတ်စခန်းတွေက ရဟန်းသံဃာတော်နဲ့ ပြည်သူတွေ အကြမ်းဖက်ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ဦးက ပြောပါတယ်။

ဆန္ဒပြပွဲတွေကို ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် ၆ ဦးက ဦးဆောင်ပြီး ကြို့ပင်ကောက်မြို့မဈေးကြီး ဘေးပတ်လည်ကနေ အနောက်လမ်းမတော်ဘက်ကို လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြလမ်းလျှောက်ကြရာမှာ အမျိုးသမီး ၃ဝ နီးပါးခန့် ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ဆန္ဒပြလမ်းလျှောက်ရာမှာ ဒီကနေ့မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မတားဆီးပေမယ့် မြို့မဈေးကြီးပတ်လည်နဲ့ မြို့လယ်ကောင်မှာ လုံခြုံရေးအဖွဲ့ဝင်တွေ နေရာယူစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။