အာဏာသိမ်းပြီးနောက် ကယားပြည်နယ်က နေအိမ် တစ်ထောင်နီးပါး ဖျက်ဆီးခံရ

2022.04.20
Share on WhatsApp
Share on WhatsApp
အာဏာသိမ်းပြီးနောက် ကယားပြည်နယ်က နေအိမ် တစ်ထောင်နီးပါး ဖျက်ဆီးခံရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြင်တွေ့ရသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်းက ကျေးရွာတစ်ရွာ။
Photo- KNDF

စစ်အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ) ပြည်နယ်ထဲမှာ နေအိမ်ပေါင်း ၉၆၇ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ တိုးတတ်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ အများဆုံးဖြစ်နေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ နေအိမ် ၅၆၄ လုံး၊ လွိုင်ကော်မှာ ၁ဝ၈ လုံး၊ ဖရူဆိုမှာ ၃၉ လုံး၊ ဖယ်ခုံမှာ ၂၅၆ လုံး ဖျက်ဆီးခံရတာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးတာ ရှိခဲ့သလို၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ဒေသခံ အရပ်သားတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ PKPF က ပြောပါတယ်။

လက်ရှိ စာရင်းရထားတဲ့ ၉၆၇ လုံးထက် စာရင်းမရဘဲ ဖျက်ဆီးခံရတဲ့ နေအိမ်တွေလည်း အများကြီး ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

ကယား(ကရင်နီ) ပြည်နယ်ကို စစ်ကောင်စီက လေကြောင်းပါသုံးပြီး အပြင်းအထန် ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

PKPF ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အာဏာသိမ်းပြီးနောက် သေဆုံးရတဲ့ အရပ်သား ၂၄၇ ဦးရှိပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ပြန်တိုက်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA)၊ ဒေသခံခုခံကာကွယ်ရေးတပ် (PDF) တပ်တွေဘက်က တပ်သား ၁ဝ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။