ဟီလာရီ ကို မြန်မာ့အရေးအတွက် HRW က ကြိုဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာ့အရေး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံလိုက်တဲ့ အတွက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

2010.10.30
hilary_clinton_apec_305_z အာဆီယံအဖြဲႚဝင် ဖိလိပိုင် ိံိုင်ငူံခားရေး ဝန်ဋ္ဌကီး အယ်လ်ဘတ်တို ႟ိုူမလြိုံြင့် ဖိလိပိုငိံိုင်ငံ၊ မနီလ္ဘာမိြႚတြင် ၂၀၀၉ ိံိုဝင်ဘာ ၁၂ ရက်က ဆြေးေိံြး္ဘပီးနောက် ူပလြုပ်သော သတင်းစာရြင်းလင်းပြဲတြင် ိံိုင်ငူံခားရေး အမေရိကန် ိံိုင်ငူံခားရေးဝန်ဋ္ဌကီး ဟီလာရီ ကလင်တန်က ူမန်မာ့ ဒီမိုကရေစီ ခေၝင်းဆောင် ဒေၞအောင်ဆန်းစုုကည်ကို ခဋ္ဋင်းခဵက်မရြိ လြတ်ပေးဖိုႛ ထပ်မံ တောင်းဆိုခဲ့ပၝသည်။ (Photo: AFP)
(Photo: AFP)

ဒါ့အပြင် သူ့ရဲ့ အာရှခရီးစဉ်၊ စက်မှုထိပ်သီးနိုင်ငံများ ညီလာခံနဲ့ EU- အမေရိကန် အစည်းအဝေးမှာ ဒီကိစ္စ ထောက်ခံမှုရအောင် ဖိဖိစီးစီး ပြောဆိုဖို့ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ ကော်မရှင်ဖွဲ့ပြီး စုံစမ်းရေးကိစ္စမှာ အမေရိကန်အနေနဲ့ ဦးဆောင်ဦးရွက် ပြုပြီး စတင် ပြောဆိုလာတာ တွေ့ရပြီလို့ HRW အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Kenneth Roth က ပြောပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ထောက်ခံဖို့ စိတ်ဝင်စားတဲ့ တခြား နိုင်ငံတွေကလည်း စုံစမ်းရေးကော်မရှင် အကောင်အထည် ပေါ်လာအောင် အမေရိကန်နဲ့ လက်တွဲ ဆောင်ရွက်သင့်တယ်လို့ သူက ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဥရောပသမဂ္ဂကို ပေးပို့တဲ့ HRW ရဲ့ စာမှာလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဆိုပြုထားတဲ့ စုံစမ်းရေးကော်မရှင် ကိစ္စကို EU က ထောက်ခံဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိကာလအထိ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် အပါအဝင် မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဝင်ရောက်စစ်ဆေးဖို့ ထောက်ခံထားတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။