ရေခဲတောင်ထိပ် တက်ရောက်မှု သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကိုရောက်ရှိခဲ့ ပြီး ပျောက်ဆုံးနေတဲ့ တောင်တက် သမားနှစ်ဦး ဟာ တောင်ထိပ်ပေါ်ကနေ ခြေချော်ကျသွား တာဖြစ်နိုင်သလို ရေခဲတောင်ချောက်ကမ်းပါးတွေကြား ကျသွားတာလည်း ဖြစ်နိုင်တယ်လို့ “ခါကာဘိုရာဇီ” အောင်နိုင်ရေးအဖွဲ့က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။

ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ ခါကာဘိုရာဇီခရီးစဉ် သတင်းစာရှင်းလင်းပွဲမှာ တက္ကသိုလ်များ ခြေလျင်နဲ့တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ခါကာဘိုရာဇီ အောင်နိုင်ရေးခရီးစဉ် ညွှန်ကြားရေးမှူး ဦးမျိုးသန့် က သတင်းထောက်တွေကို ပြောခဲ့တာဖြစ် ပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄နာရီ ၂၅ မိနစ်က ခါကာဘိုရာဇီတောင်ထိပ်ပေါ် ကို ရောက်ရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ တာ ဒီကနေ့ဆိုရင် ရက်ပေါင်း၂၂ ရက်ရှိပြီဖြစ်ပါတယ်။

ရေခဲတောင်တက်တဲ့တောင်တက်သမားတွေဟာ ပစ္စည်းရိက္ခာအပြည့်အစုံပါရှိသွားမယ်ဆိုရင် ရေခဲတောင် ပေါ်မှာ တစ် လအထိ အသက်ရှင်နေနိုင်တယ်လို့ ခါကာဘိုရာဇီ အောင်နိုင်ရေးခရီးစဉ် ညွှန်ကြားရေးမှူး ဦးမျိုးသန့် က ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ခါကာဘိုရာဇီတောင်ခြေအထိ လိုက်ပါထောက်ပံပေးခဲ့တဲ့ တက္ကသိုလ် များ ခြေလျင်နဲ့တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင် များလည်းတက်ရောက်ခဲ့ကြပါတယ်။

ပျောက်ဆုံးနေတဲ့ တောင်တက်သမားနှစ်ဦးကို အမေရိကန်နိုင်ငံက ကျွမ်းကျင်တောင်တက်သမားတွေနဲ့ အမြင့်ပေ နှစ် သောင်းထိပျံသန်းနိုင်တဲ့ ရဟတ်ယာဉ်တွေနဲ့ပါ ဆက်လက်ရှာဖွေနေသလို ၁၉၉၆ ခုနှစ်က ခါကာဘိုရာဇီတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ တိဗက်လူမျိုး နမားဂျွန်ဆိန် ဦးဆောင်တဲ့အဖွဲ့ ကလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။

ခါကာဘိုရာဇီရေခဲတောင်ဟာ အမြင့်ပေ ပေ တစ်သောင်းကိုးထောင်နှစ်ရာကိုးဆယ့်ငါးပေ (၁၉၂၉၅) ပေ ရှိပြီး အရှေ့တောင်အာရှဒေသမှာ အမြင့်ဆုံး တောင်ဖြစ်ပါတယ်။