မြန်မာရေလုပ်သားလေးဦးကို အိန္ဒိယကမ်းစောင့်တပ် ကယ်ဆယ်

RFA Burmese
2024.12.07
မြန်မာရေလုပ်သားလေးဦးကို အိန္ဒိယကမ်းစောင့်တပ် ကယ်ဆယ် အိန္ဒိယကမ်းစောင့်တပ် ကယ်ဆယ်လိုက်သည့် မြန်မာရေလုပ်သားလေးဦးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် တွေ့ရစဉ်။
via THE HINDU

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ကနေ ဝါးဖောင်တစ်စင်းနဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ထွက်လာပြီး အိန္ဒိယရေပိုင်နက်ထဲရောက်လာတဲ့ မြန်မာရေလုပ်သား လေးဦးကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က ကယ်ဆယ်လိုက်တယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက်နေ့က ဖော်ပြပါတယ်။

ရာသီဥတုပြင်းထန်ပြီး ကျောက်ဆူးကျိုးသွားတဲ့အတွက် အိန္ဒိယရေပိုင်နက် ရေမိုင် တစ်ထောင်ကျော်ထိ ဝါးဖောင်မျောလာတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ပင်လယ်ထဲ သီတင်းသုံးပတ်နီးပါး သောင်တင်နေချိန်မှာ အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က ကယ်ဆယ်လိုက်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ မနက်မှာ တမီးလ်နာဒူးပြည်နယ်က Nagapattinam ဆိပ်ကမ်းကို ပို့ဆောင်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။