အိန္ဒိယ ရေကြောင်းသုတေသန သင်္ဘော မြန်မာခရီးစဉ် ပြီးဆုံး

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အိန္ဒိယ ရေကြောင်းဆိုင်ရာ သုတေသန သင်္ဘော INS Sagardhwani ဟာ ဒီနေ့ ခရီးစဉ်အပြီးသတ်ပြီဖြစ်ပါတယ်။

အိန္ဒိယရေတပ်ပိုင် အဲဒီသင်္ဘောဟာ အင်္ဂါနေ့ကနေ စနေနေ့အထိ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး၊ မြန်မာရေတပ်နဲ့ ရေကြောင်းသိပ္ပံဌာနတွေနဲ့အတူ ပင်လယ်ပြင်ဆိုင်ရာ ပညာရပ်တွေဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဒါ့ပြင် မြန်မာနဲ့ အိန္ဒိယနယ်စပ်မှာ အိန္ဒိယအစိုးရကို တော်လှန်ပုန်ကန်နေကြတဲ့ လူမျိုးစုသူပုန်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြပါတယ်။