အွန်လိုင်းငွေလိမ်ဂိုဏ်းက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား တစ်ရာကျော်ရှိလာ

RFA Burmese
2024.12.15
အွန်လိုင်းငွေလိမ်ဂိုဏ်းက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား တစ်ရာကျော်ရှိလာ ကရင်ပြည်နယ်၊ မြဝတီရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းမှ လွတ်မြောက်လာခဲ့သည့် အိန္ဒိယနိုင်ငံသား ခြောက်ဦးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Facebook/ India in Myanmar (Embassy of India, Yangon)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား တစ်ရာကျော် (၁၀၁ ဦး) ရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်းဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ မြဝတီအွန်လိုင်းငွေလိမ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား ခြောက်ဦးပြန်လွတ်လာတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မြဝတီဒေသမှာ အလုပ်အကိုင်ကမ်းလှမ်းမှုတွေကို သက်ဆိုင်ရာသံရုံးနဲ့ မတိုင်ပင်ဘဲ အလုပ်လက်မခံကြဖို့ အိန္ဒိယသံရုံးက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေမှာ အိန္ဒိယနိုင်ငံသားတွေအပါအဝင် သီရိလင်္ကာ၊ လာအို၊ နီပေါ၊ မလေးရှား၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံသားတွေလည်းရှိနေပြီး အဓမ္မ အလုပ်စေခိုင်းခံနေရပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ မြဝတီဒေသအပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ ဆန်ခလဘူရီ၊ ဘုရားသုံးဆူအထိ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေပေမဲ့ အရေးယူမှုတွေမရှိသေးဘူးလို့ မြဝတီဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေ သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။