အင်းဒင်ရွာသတ်ဖြတ်မှု ရိုက်တာ ဖော်ထုတ်

ရခိုင်ပြည်နယ် အင်းဒင်ရွာမှာ ရိုဟင်ဂျာမွတ်စလင် ၁ဝ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရွာသားတွေက သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတစ်ပုဒ်ကို “မြန်မာနိုင်ငံမှ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရိုက်တာ သတင်းဌာနက ဒီကနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ရွာသားတွေကို လက်ပြန်ကြိုးတုပ် ခေါ်ဆောင်သွားပြီး သတ်ဖြတ်ပုံအသေးစိပ်ကို သတ်ဖြတ်မှုမတိုင်မီ ရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့တကွ ဖော်ပြထားတာပါ။

ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေက ဖြစ်ပျက်ပုံတွေပြောပြီး ဓါတ်ပုံကို ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အင်းဒင်ရွာရှင်းလင်းဖို့ အမိန့်ကို စစ်တပ်အဆင့်ဆင့်က ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။