မြန်မာပြည်မှာ ရင်းနှီးမြုှပ်နှံလိုသူ များကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောဆို

နေပြည်တော်မှာပြုလုပ်နေတဲ့ အရှေ့အာရှဆိုင်ရာကမ္ဘာ့စီးပွားရေးညီလာခံကိုကြာသပတေးနေ့မှာသမ္မတ ဦးသိန်းစိန်တက်ရောက်မိန့်ခွန်းပြောကြား မှာဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းနဲ့မဇင်မာအောင်တို့ကမြန်မာပြည် ရဲ့အနာဂတ်ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောဆိုဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံဖို့အတွက်စိတ်ဝင်စားတဲ့နိုင်ငံခြား ကုမ္ပဏီတွေ အများအပြားရှိကြောင်း၊ ဒီညီလာခံကို တက်ရောက်သူတွေအနေနဲ့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကိုပိုမိုသိရှိသွားကြမယ်လို့ယူဆကြောင်း RFA ကိုပြောပါတယ်။

"မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့က စိတ်ဝင်စားမှုက အများကြီးရှိတယ်၊ အခြေအနေက ဘယ်လိုလည်းဆိုတာ စမ်းသပ်နေတာပေါ့၊ တကယ်ပဲ စီးပွားရေးလုပ်ရင် အကျိုးအမြတ်ရှိမလား၊ သင့်တော်မလားဆိုတာကို စမ်းသပ်နေတာပေါ့နော်၊ စီးပွားရေးဆိုတာ လူမှုရေး၊ နိုင်ငံရေးတွေနဲ့ ဆက်နွယ်နေတာဆိုတော့ ဒီညီလာခံတက်ခြင်းအားဖြင့် ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကျယ်ကျယ်ဝန်းဝန်း နားလည်သွားနိုင်မယ်လို့ ဒီလိုပဲ ထင်တယ်"

ဒီညီလာခံကိုနိုင်ငံ၅ဝကကိုယ်စားလှယ်၉ဝဝခန့်တက်ရောက်နေတယ်လို့သိရပါတယ်။