အိုင်ယာလန်ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်း ဒေါ်စုပါဝင်

အိုင်ယာလန်နိုင်ငံက နှစ်စဉ် ချီးမြင့်တဲ့ ၂၀၁၀ ပြည့်နှစ်အတွက် Tipperary နိုင်ငံတကာ ငြိမ်းချမ်းရေးဆု အတွက် ပဏာမ ဆန်ကာတင် ဆုရှင် စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ဆုချီးမြင့်ရေးအဖွဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။
2010-12-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆန်ကာတင် ဆုရှင်စာရင်းမှာ ပါဝင်တာကို ဝမ်းမြောက်ကြိုဆိုကြောင်း၊ ဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုက်တန်သူတဦး ဖြစ်ကြောင်း၊ အိုင်ယာလန်မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Action Ireland က ဒုတိယ ဥက္ကဋ္ဌ Eileen Seymour က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် ဆုအတွက် ပဏာမ အမည်စာရင်းကို အဖွဲ့ရဲ့ ကော်မတီက ရွေးချယ်တာ ဖြစ်ပြီး ဒီဆန်ကာတင် စာရင်းမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အပြင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း Mary Robinson၊ ထိုင်ဝမ် ဗုဒ္ဓဘာသာ သီလရှင်ကြီး Cheng Yen၊ ဂါဇာ ကမ်းမြောင်ဒေသ ဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်ဌာန အကြီးအကဲ John Ging၊ အာဖဂန်နစ္စတန် လူ့အခွင့်အရေး ဥက္ကဋ္ဌ နဲ့ ဆူဒန်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Sama Samar တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပဏာမ ရွေးတဲ့အထဲ ထည့်သွင်းခဲ့တဲ့အတွက် အိုင်ယာလန်မှာရော နိုင်ငံတကာမှာပါ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပိုသိလာအောင် နောက်တဆင့် ပံ့ပိုးနိုင်လိမ့်မယ်လို့လည်း Burma Action Ireland က Ms. Eileen Seymour က ပြောပါတယ်။

Tipperary ငြိမ်းချမ်းရေးဆုကို မနှစ်က ကွယ်လွန်သူ အမေရိကန် အထက်လွတ်တော် အမတ် Edward Kennedy ရရှိခဲ့ပြီး အရင်က တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ချီးမြင့် ခံခဲ့ရပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့