ဂျပန်ဘီယာ မြန်မာပြည်မှာ ထုတ်မည်

ဂျပန်နိုင်ငံ Kirin Holding ကုမ္ပဏီက၊ သူတို့ရဲ့ အိချီဘန်း ရှီဘိုရီ ဘီယာကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖြန့်ဖြူး ရောင်း ချတော့မယ်လို့ သိရပါတယ်။

စက်ရုံကို ရန်ကုန်မှာ ပြီးခဲ့တဲ့နွေရာသီကတည်းက တည်ဆောက်နေတာဖြစ်ပါတယ်။ အဲ့ဒီ အိချီဘန်း ရှီဘိုရီ ဘီယာကို တစ်ပုလင်း ၂ ဒေါ်လာ ၆၇ ဆင့်နှုန်းနဲ့ စားသောက်ဆိုင်တွေကို ရောင်းမယ်လို့ သိရပါတယ်။ ဒီတန်ဖိုးဟာ လက်ရှိ မြန်မာပြည်တွင်းမှာ ရောင်းနေတဲ့ ပြည်တွင်းဖြစ်ဘီယာတွေထက် ဈေးများပြီး ဥရောပကဝင်လာနေတဲ့ ဘီယာတွေနဲ့ ဈေးနှုန်းတန်းတူပဲလို့ သိရပါတယ်။