ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောကို သွားရောက်လေ့လာ


2018.09.20
jeremy-hunt-622.jpg ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို စစ်တွေလေဆိပ်မှာ ၂၀၁၈ စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဒီနေ့မနက်ပိုင်းက သွားရောက်လေ့လာခဲ့ပြီး နေလည်ပိုင်းမှာ နေပြည်တော်မှာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ခရီးစဉ်အတွင်း မောင်တောမြို့နယ်မြောက်ပိုင်းက တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကို သွားရောက်လေ့လာခဲ့သလို ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာက မွတ်စလင်ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး မွတ်စလင်တွေရဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ဟိန္ဒူဘာသာဝင်တွေ၊ ပန်းတောပြင်ကျေးရွာမှာ ရွာခံမွတ်စလင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီနေ့မောင်တောခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးလည်း လိုက်ပါသွားသလို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ အစိုးရတာဝန်ရှိသူတွေလည်း အတူ လိုက်ပါသွားခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ညနေ ၆ နာရီခွဲအထိ အဆက်အသွယ် မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။