ဂျွန်ကယ်ရီ ခရိုနီဟိုတယ်မှာ တည်းခိုမှု ပိတ်ဆို့မှုစည်းမျဉ်း မချိုးဖောက်လို့ အမေရိကန်ပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေနဲ့ ယခင်မြန်မာစစ်အစိုးရနဲ့ပတ်သက်တဲ့ ခရိုနီ စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော ်ပိုင်ဆိုင်တဲ့ နေပြည်တော်က ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့တာဟာ အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေကို ချိုးဖောက်မှု မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတွေ က ပြောပါတယ်။

မစ္စတာ ကယ်ရီဟာ စနေနေ့က နေပြည်တော်မှာ ဦးဇော်ဇော်ရဲ့ Max Myanmar ကုမ္ပဏီပိုင် Lake Garden ဟိုတယ်မှာ တည်းခိုခဲ့တာ ဖြစ်ပါတယ်။

Max Myanmar ကုမ္ပဏီဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲမှာ ပါဝင်ပေမယ့် မစ္စတာ ကယ်ရီရဲ့ တည်းခိုမှုကြောင့် ဒါဏ်ခတ်ပိတ်ဆို့မှု ဥပဒေဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက် မှုမရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရအမျိုးသမီး Jen Psaki က ပြောပါတယ်။